နှစ်သစ် မင်္ဂလာ
ဒီနေ့ ဆိုရင် သင်္ကြန် ကျဖို့ သိပ်မလိုတော့ဘူး သင်္ကြန်မှာ.. ကားနဲ့ လယ်မယ်..ဟိုဟာလုပ်ဒီဟာလုပ် မယ်ဆိုပြီး Plan တွေ ဆွဲပြီးတော့ ပျော်နေကြမှာပဲ
ကျတော် လည်း ဘလော့မရေးတာ (အဆက်အသွယ်ပြတ်နေတာ) ကြာနေပြီ ဒါကြောင့် ဒီ Post လေးကို မဖြစ်ဖြစ်အောင်တင်ခဲ့တာပါ
ကျတော့် ဒီအသက်အရွယ်ရောက်တဲ့ အချိန် ထိ သင်္ကြန်ဆိုတာကို ကောင်းကောင်း မတွေ့ ကြုံ ဖူးသေးဘူး ဒိနှစ်တော့ ကောင်း ကောင်းလယ်မယ်လို့  ရည်ရွယ်ထားတယ်... (ဘယ်လို လာမလဲတော့သိသေးဘူး)
သင်္ကြန်ဆိုတဲ့အကြောင်းကို ကျတော် သိသလောက်ပြောပြရရင်....
သင်္ကြန်မှာရေတွေဆော့ ကြတယ်.. ချစ်သူခင်သူတွေကို ဦးဆုံး ရေလောင်းချင်တဲ့ ကောင်လေးတွေ/ကောင်မလေးတွေ ရှိတာပဲ
အများကြီးပဲမြင်ဖူးတယ်..
တခါတုံးက..
ကျတော့် နဲ့ ရင်နီးတဲ့ ကောင်လေးတယောက်ပေါ့... သူ့ ကောင်မလေးကို ရေလောင်းချင်လို့ ဆိုပြီး သူ့ အိမ်အောက်ကို သွားတယ်..
ကောင်မလေးကိုတွေ့ ပါတယ်.. ကောင်မလေးက.. အိမ်ပေါ်မှာ... ကောင်မလေးကို အိမ်အောက်ကို အကြောင်းအမျိုးမျိုးပြပြီ ခေါ်တော့ အောက်ကို ဆင်းလာပါရော.. ကောင်မလေး က.. ရေဘူးကိုမြင်တော့.. အပေါ်ကိုပြန်ပြီတက်ပြေးပါလေရော.. ကောင်လေးက အတင်းခေါ်တာ့ ဆင်းလာတာပေါ့.. ကောင်လေးက အကျင့် တစ်ခုရှိတယ်.. သူက.. ခြေထောက် ကို ပိတ်ပြီ ရပ်တဲ့ အကျင့် ရှိတယ်.. သူ က.. အဲ့ ဒီလို ရပ်နေတော့.. ကောင်မလေး ကပြေးပြီဆင်းလာတော့.. ကောင်လေးခြေထောက်နဲ့ ငြိပြီး ပစ်ပြီး လဲကျပါလေရော.. ကောင်လေး ခမျာ တော်တော်လေး လန့် သွားရှာတယ်.. ကတုံကရင်ဖြစ်သွားတယ်...ဒါပေမယ့် မရဘူးတဲ့.. ရေလေားလိုက်သေးတယ်...
ကောင်မလေးက..တော့ပြောတယ်.. လဲကျသွားအောင်လုပ်တဲ့အတွက် ရေမလောင်းနဲ့ လို့ တော့ ပြောတယ်.. ဒါပေမယ့် မရဘူးတဲ့.. ရေလောင်းတယ်.. "လူလိုမလောင်းဘူး" လောင်းတော့.. မျက်နာ ကို သွားပြီ ပတ် မိတယ်....
ဒီလို မဖြစ်အောင်တော့ လောင်းကြပါလို့  ပြေပြချင်ပါတယ်..
ဆက်ပြီးရေးပါအုံးမည်...
April 10, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment