ဒီနေ့ တော့ကျတော် ၂၀၀၈ ခုနှစ် အမေများနေ့ ကို ဂုဏ်ပြုပြီးတော့ အမေ ကဗျာလေးတွေ ကို တင်ပြချင်ပါတယ်….
ကျတော့် သူငယ်ချင်းရေးထားတဲ့ ကဗျာလေးတွေပါ…..ခံစားကြည့်ကြပါ
ချစ်သောမေမေ
သားတို့် တီတာ ငယ်စဉ်အခါ
မပျက်မယွင်း (မေတ်တာ) နှင်းပြီး
စောင့်ရှောက် သွန်သင်ဆုံးမသော
ချစ်သောမေမေ။
အရွယ်တထောက် ပညာဂုဏ်မောက်ပြီး
ငါသိငါတက် ငါကိုဖက်ပြီး
ထင်ရာဇွတ်ပြင်း စိုင်းကာနှင်းသည့်
သားမိုက်ကိုပင် (မေတ်တာ) မပျက်
ချစ်ခင်လျက်သာ လမ်းမှန်အရောက်
ပို့ ဆောင်နှင်းသော
ချစ်သောမေမေ။
မသိ (မလိမ်မာ) ငယ်စဉ်အခါ
မိုက်ရိုင်းစော်ကား ထင်ရာစိုင်းသမျှ
ရှိခိုးဦးတင် တောင်းပန်ချင်သည်
မေမေ သိနိုင်ပါစေသား….။
April 25, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment