Social Icons

Pages

May 16, 2008

Happy Birthday For My Best Friends

12 ရက်နေ့ ကကျရောက်ခဲ့တဲ့ သူငယ်ချင်း မျိုးဇေယျာလွင်
15 ရက်နေ့ ကကျရောက်ခဲ့တဲ့ သူငယ်ချင်း ဥမ္မာဆွေ
ဒီနေ့ ၁၆ရက်နေ့ မှာကျရောက်တဲ့ သူငယ်ချင်း ခင်နှင်းအေး

ဒီ အချစ်ဆုံး သူငယ်ချင်း သုံးယောက် ကို ၂၀ ပြည့် မွေးနေ့ ဆုတောင်းလေးတွေ တင်ပေးချင်လို့ ..


သူငယ်ချင်း သုံးယောက် သေသေချာချာ နားထောင်ကြ.. ဟင်းဟင်း!!!!!!

“ငါချစ်တဲ့ သူငယ်ချင်းသုံးကောင်(ယောက်) နင်(မင်း)တို့ ချစ်တဲ့ မိဘ ၊ ဆွေမျိုး ၊
မင်းတို့ ချစ်တဲ့ (ငါတို့ ) သူငယ်ချင်း တွေ နဲ့ တသတ်လုံး ပျော်ပျော် ရွင်ရွင် နေထိုင်
ပြီး မင်တို့ (နင်) လို ချင်တဲ့ ဘ၀ကြီးကိုပိုင်ဆိုင်ပြီး မိဘဆွေမျိုးတွေကို အလုပ်အကျွးပြု
နိုင်တဲ့ လူတော်လူကောင်များ ဖြစ်ပြီး အသက် (၁၂၀)တုင် ရှည်နိုင်ပါစေ သော် ၀်… “

မင်း(နင်) တို့ တွေကို ချစ်တဲ့ခင်တဲ့
ခင်မောင်ဝင်း ၊ကောင်းကင် (လင်းလင်း) ၊ဇွဲဥာဏ်
သင်းနုဆွေ ၊ ခိုင်မီမီကျော် ၊ ဇင်မာထွန်း

မင်းတို့ သုံးယောက်အတွက် ငါ့ ရဲ့ Birthday Present ကတော့ အောက်မှာ.. အ၀ သာစားသွားကြ (အိမ်ကို ပါဆယ်မယူရ)




လာလည်တဲ့ မိတ်ဆွေအပေါင်းလဲ အ၀ သာ စားသွားကြ ပါ…
(ပါဆယ်ကတော့ယူချင်လဲယူပေါ့)


May 2, 2008

ကျောင်းသားဘဝ

ကျောင်းသားဘဝ

ကျောင်းဝင်းထဲကိုငါလှမ်းလျှောက်
တွေ့ တဲ့အတွဲ ငါလိုက်နောက်
မျက်စိတဆုံးငါမျှော်ကြည့်
အတွဲတွေကတပုံကြီး
နောက်လိုက်မိသည့်ဒီပါးစပ်
အမြုပ်ထွက်မတက်။

အတန်းထဲကိုငါလှမ်းဝင်
ဆူညံလိုက်တာအလွန်ပင်
မခံနိုင်လို့ ပြန်ပြေး
ကျောင်းဝင်းထဲကကန်တင်းလေး
ကန်တင်း ရောက်မှနားအေး
မျက်စိလေးကိုအလုပ်ပေး။

မျက်စိညောင်းမှငါထပြန်
အတန်းထဲသို့ အချိန်မှန်
ဝင်ခွင့်တောင်းကာငါလှမ်းဝင်
Roll Call မခေါ်ခင်။

ထမင်းစားသည့်အချိန်ရောက်
ကန်တင်းဆီသို့ နောက်တခေါက်
အဖော်အပေါင်းနဲ့ အတူထိုင်ပြီး
ကန်တင်းထဲမှာဂစ်တာတီး
ဂစ်တာတီးလို့ လက်ညောင်းပြန်
အချစ်(ကစ်စ)ဆွေးနွေးတဖန်
လိုင်စင်မရှိသည့်တို့ အဖွဲ့ 
လိုင်စင်ရဖို့ ဖလှယ်ရင်း
တယောက်အကြံတယောက်လက်ခံ
ရည်းစားစကား လိုက်ပြောရန်
လိုက်ပြောဖို့ အတွက်အားတင်းအသွား
သူ့ ရှေ့ ရောက်မှ အသံပျောက်သွား
မျက်နာငေးရင်း လှည့်ပြန်မိ
စတွေ့ တည်းက ခုချိန်ထိ။

သိမ်းထားခွင့်

သိမ်းထားခွင့်

လမိုက်ညရဲ့အမှောင်ကို
ရင်ဆိုင်ဖို့ အားငယ်မိတယ်
ငါ့မှာအလင်းရောင်မှမရှိတာ
ဒါပေမယ့်လပြည့်ညကိုရောက်ဖို့ 
ငါကျော်ဖြတ်ရမှာပဲ
ဒီမျော်လင့်ချက်နဲ့ရှင်သန်ခဲ့တာပါ။

မျော်လင့်ချက်ကိုရိုက်ချိုးပြီး
ငါ့ဘ၀ကို မလှောင်ချင်ပါနဲ့ 
ငါ့ဘ၀မှာနင်မရှိရင်
ဆုံးပြီး ရှုံးရတော့မယ်….။

စာနာတက်ရင်
ဘ၀အတွက်အလင်းတွေ
ပျော်၇ွင်မှုအတွက် ပျက်လုံးတွေ
ငါ့အတွက်မင်းလေးကို
ရင်ခွင်ထဲ
သော့ခတ်သိမ်းထားခွင့်ပြုပါ…။

ကြေကွဲတဲ့ နေ့ 

ကြေကွဲတဲ့နေ့ 
ဒိုင်ယာရီမှာရှိသေးတယ်
နှလုံးသားမှာမှတ်ထားတယ်….

အဲ့ဒီနေ့ 
မင်းငါ့ကိုချန်ထားခဲ့တယ်
လာမယ်ပြောပြီးပြန်သွားတယ်
ဒိုင်ယာရီကိုဖတ်တိုင်း
နှလုံးသားတစ်ချက်ခုန်တိုင်း
နာကျင်လို့ မျက်ရည်တွေစီးကျ

သြော်…. အချစ်ရယ်..
သေသွားတာမှကောင်းလိမ့်မယ်….။

(၁ ၆ ၂၀၀၇)

ချစ်သူ

ချစ်ခြင်းကုသီကုံးလို့ 
သီချင်းတစ်ပုဒ်မရေးနိုင်ပေမယ့်
ချစ်တက်တဲ့အသည်းနှလုံးတော့ရှိပါတယ်
ချစ်တာကိုပြောမပြတက်တာဟာ
ပြောမပြနိုင်လောက်အောင်ချစ်နေလို့ ပါ
ရင်ထဲမှာချစ်သူအတွက်တင်စားစရာပန်းမရှိပါဘူး
ပန်းဆိုတာချစ်သူကိုတင်စားဖို့ သေးငယ်နေလို့ ပါ
တစ်ဘ၀စာအတွက်ချစ်ခဲ့တာမဟုတ်ပါဘူး
ဘ၀ဆက်တုင်းချစ်နေဖို့ ချစ်ခဲ့တာပါ..။

ပန်းတစ်ပွင့်

ပန်းတစ်ပွင့်

တစ်ပွင့်ဆန်းလှပန်းအလှကို
မြတ်နိုးလျက်သာချစ်နေပါလည်း

နေမီးပူရဲလောကဒါဏ်ထဲ
ကြမ်းတမ်းခက်ရော်
သူမပျော်စေလို
ပျော်နေလျက်သာ
ဥယျာဉ်ဝန်နာထဲ
မဆွတ်မလှမ်း
ပန်းမနွမ်းးဖို့ 
စံမြန်းပင်ထက်တင့်တယ်စေ။