Social Icons

Pages

July 29, 2009

ချစ်သူသို့ အလွမ်း

သတိရခြင်းနဲ့ ပစ်ခွင်း

ရင်တွင်းကို မှန်တဲ့မြှား

ငါကြည့်လိုက်မိတယ်…အလွမ်းတဲ့။

ချစ်သူ

မင်းပါးပေါ်ကသနပ်ခါး

ပါးကွက်ကြား လည်းငါလွမ်းတယ်..

အနားမှာတီးတိုး

မင်းဆိုဖူးတဲ့သီချင်းလည်း ငါလွမ်းတယ်။

သတိတစ်ခါရတိုင်း

ပန်းတစ်ပွင့်ပွင့်ခဲ့ရင်

ရင်ထဲမှာမင်းအတွက်

ပန်းဥယျာဉ်ဖြစ်နေပြီ။

ကောင်းကင်မှာ မင်းအတွက်

ငါ့ရဲ့အလွမ်းနဲ့ တောက်တဲ့

ကြယ်တစ်ပွင့်ရှိတယ်…။

No comments: