မတ်လ ၃ ရက်နေ့  ၂၀၁၀ နေ့ 
ဒီနေ့ အလုပ်ထဲကိုရောက် ပြီ ... စိတ် ညစ် စရာတွေ ကလည်းအများကြီး .. လုပ်တာကလည်း သူများတွေလို မဟုတ် Company တစ်ခုမှာ AJE ရာထူးနဲ့ ဝင်တာဆို တော့.. Engineer လော ကထဲမှာဆို ရင် အနိမ့်ဆုံးရာထူး ပေါ့... ဒီတော့ အလုပ် အကုန် လုပ်ရတော့မယ်ဆို တာကို သိတယ်လေ.. ထင်ထားတဲ့ အတိုင်း ပဲ ... မဖြစ်လာ ပါဘူး... ဖြစ်ချင်တော့ Company ထုံးစံအတိုင်း Time Card ရိုက်ရတယ်လေ.. ရိုက်လည်းရိုက်ပြီးရော.. ရုံးချုပ် ကလာခေါ် ပါရော ဘာလုပ် ဖို့ လည်းဆို တော့  ဆေးစစ်ရမယ် တဲ့...
ဆေးစစ် ရမယ်ဆိုတော့ လည်း ရုံးချုပ်ကို ပြန် သွားတာပေါ့ ဒီက လူတွေက အချိန်ကို အရမ်းလေးစားကြတာ ... ၁၀နာရီ ခွဲ လာခေါ်မယ်ပြော ပြီး.. ၁၁နာရီမှ လာခေါ်ပါလေရော... လာခေါ်တော့ Asia Royal မှာ Medical Check up လုပ်ရတယ်လေ.... (ကောင်းပါတယ.်.. ဒီလို လုပ်တာ)
ပြီးတော့.. ကျတော်တို့ ကို ကားစီး လို့ ရမယ့် အနီးဆုံး မှတ် တိုင် ကို လိုက် ပို့ ပါလေ ရော... ကျတော် တို့ လည်း.. ကားစီးပြီးတော့ လိုက် သွား ကြပါလေရော... ဟို လည်းရောက်ကော... ထမင်း စားချိန် ဖြစ်နေပါလေ ရော.. ထမင်း စားပြီး အလုပ် ကို သွား ကြတယ်လေ.... ဟို လည်းရောက်ရော.... ဟို ယောင် ဒီယောင် နဲ့  ဟို စက် ကို ကြည့် လိုက် ဒီ Engine ကို ကြည့်လိုက် .. ပျင်း လာ ရင် ရေ သောက် လိုက် ... Training Room ထဲ မှာ... စာလေး ဖတ် လိုက် နဲ့ ... မျှော်လင့်နေ တဲ့  ရုံးဆင်းချိန် ၅ နာရီ လည်းရောက် ကော... အထာတွေ မသိတဲ့ ကျတော် တို့ တွေ Time Card ရိုက် တဲ့ စက် နားမှာ တ၀ဲလည်လည် လုပ်ပြီး ... အချိန် လည်းစေ့ ရော... Time Card ရိုက် ပြီး ပြန် လာ ကြ ပါလေ ရော.....
အလုပ် စ လုပ် တဲ့ နေ ကတော့ ဒီလောက် ပါ ပဲ