Social Icons

Pages

August 30, 2012

သမိုင်းဝင်လက်သီးများ

(၁)
သမိုင်းမာ တံခါးပိတ်ဆိုဆို
ရိုးမကို သံမဏိသား တင်းပီးခရေ
ဦးမြ၀ါဧ့ ရွှီမျိုဉ်းဓမ္မသတ်တရားကို
လက်တွိကျင့်သုံးစည်းခြားပျာ
မင်းဘာကြီးခမျာ
"စဖိုမာ မီးထဲ့"
သွီးရည်စင်စင် ညှဲ့လို့
မယွဲ့မစောင်း ဟန်ချက်နောင်းနောင်း
သီရိဝစ္ဆကောင်းကောင်းထူမတ်
ရာစုနှစ်တိ ဖြတ်သန်းခ
ရိုးမလိုင်... ငါလွမ်းရေ။
(၂)
ကောင်းကင်ကငှက် မြက်ကြားကမြွီ
တစ်ကောင်တစ်လီ ယောင်လို့ပင်ဖြတ်ပျံမရ
ဝေဟင်က ရက္ခအောင်လံ
လီယံမာ လိပ်လက်ဖောင်းကြွလို့ စည်းခြားထိန်းခ...
ရိုးမလိုင်... ငါလွမ်းရေ။
(၃)
ရွှေထီးဆောင်း အိမ်မက်တိ
ကလိမ်ကကျစ် ဘင်္ဂလားပင်လယ်လီမာ
ဆဆောင်းရွင့်ပြန်...
ဂန္ထ၀င်မြစ်ကမ်းတိ အခါမဟိ အရွှားလိုက်ပွင့်လှန်
ရာဇ၀င်သောင်ပြင်ထက်က ကပိုင်ရွာမာ
ကရွီကရာ ပင်လယ်ပင်စွပ်တိ
လီသသွန်နန့် ၀င့်စံလို့...
နတ်မြစ်
မင်းလေ့ မျက်နှာပြောင်းပြန်သစ်တတ်နီပျာလား
"ထမင်းတစ်ဆုပ် ရီတစ်မုတ်နန့်
တုတ်ချေတစ်ချောင်းထောက်ပျာ
အဂယောင့် ဓါးတောင်ကျော်ခ
အဂယောင့် မီးပင်လယ်ဖြတ်ခ
ဒေါသ မာန ၀ီရနန့် မိုးချုပ်
တုတ်တပျက် ဓါးတပျက်
ဗရုတ်ဗရက် ကာလပျက်မာ"
အမင်...
မျက်ရည်သုတ်လို့ ပြောလိုက်ပလင်။
(၄)
အိန်တာနက စာမျက်နှာထက်
သမိုင်းထိုးဇာတ်ပျက် ပြင်ပြတ်ပြည့်သိပ်
ပဉ္စလက် အခင်းအကျင်းဘွန်ကိန်ချိတ်
ဒုက္ခသည် တံဆိပ်ကပ် လက်ဖြန့်အချောင်ရိတ်
ဒီမိုငါးစာ သိပ်ထားရေ သရုပ်ဖျက် မျှားချိတ်တိနန့်
ဧရာမလူ့အခွင့်အရေး အိတ်ကြီးလွယ်ပိုးလို့
ငါးပွတ်တုံး ငါးစာချ ငါးမရလေ့ ရီချိုးပြန်မေ
ဂြိုးကြာဟန်ဆောင်နီရေ ဇကန်းပိုင်းလုံးတိ
အကိုင်းနှုန်းမဟိ အပင်ထက် အတင်းလုတက်ပျာ
မှိုင်းတိ လိုင်းတိ ယှုတ်ယှုတ်ယှက်ယှက်ခတ်
ပါရာဒိုင်းတဆုတ်တလက်ဖက်ပုံပြတ်
အသိုက်အအုံဝပ်ကျင်း ခင်းပြီးယင်းခင်းပျာ
တအာအာတကျီကျီလုပ်နီကတ်စွာ...
နားပျင်းကတ်တေမချိယာ။
(၅)
ဒေတခါ...
မိတ်ထိုးပြုံးပြ နှုတ်ဆက်ရုံန မပြီးဒေ
စစ်ဘုရင်ခုံထက်က ကြုံရာ "ပွန်း"တစ်ကောင်ကို
ထိုးကျွေးလိုက်ပျာ
အီးအီးဆီးဆီး အသံလုံအခန်းကြီးထဲ
စည်းကိုက်ဝါးကိုက် သောက်လိုက်စားလိုက်
ခမိုက်မိုက် ကာရာအိုကေဆို
အာယိုယိုလုပ်မနီကေ့
ပုစ္ဆာထဲ ရဲရဲဝင်ကြည့်
ပြည်သူထဲ ရဲရဲဆင်းကြည့်
ဖန်သားပြင်အပြည့်
ပင့်ကူအိမ် ဗိုင်းရပ်မွှားတိ
ပုံတူမျိုးပွား ဆဲလ်များမပြန့်ခင်
ရာဇ၀င်တင်လောက်တေ
ပင့်လက်သီးတစ်ချက်
ဂက်ခနဲ့ ပိတ်ထိုးဖို့
(အိုး-ပြည်ထောင်စုသားအပေါင်းရို့)
လက်သီးနောင်းနောင်း ဆုတ်ထားကတ်မေနှန်း။
(၁၉၄၂ က မိခင်အားလုံးပါးတို့)

Credit to http://www.arakanfolks.com/2012/08/blog-post_28.html#more

August 29, 2012

ငါနန့်မဆိုင် ဆိုသူများ သို့ 


Nay Zaw facebook မှ နွားထီးချေတစ်ကောင် ၊ ၀က်တောင်းချေတစ်ကောင် ၊ ကြက်ဖချေတစ်ကောင် ၊ ကြွက်မချေတစ်ကောင် ရို့ရေ အိမ်တစ်အိမ်မှာ အတူတူနိန်ကတ်လို့ သူငယ်ချင်းအဖြိုက် ခင်ခင်မင်မင်နီကတ်ပါရေ တစ်ရက်နိန်ခါ အိမ်ရှင်က အိမ်မှာ ကြွက်တိသောင်းဂျန်းရေ ဆိုပြီးကေ ဈီးကိုလားရေခါ (ကြွက်ခုပ်)ကြွက်ထောင်ချောက်တစ်ခုဝယ်ခစွာကို ကြွက်မချေမြင်လားခပါရေ၊ ထိုအခါ ကြွက်မချေက အလွန်စိုးရိမ်ကြောက်ရွံ့ပြီးကေ သူ့ သူငယ်ချင်းဖြိုက်တေ ကြက်ဖချေပါးသို့ လားပြီးကေ အဝေ သူငယ်ချင်းကြက်ဖ ငါ့ရို့အိမ်ရှင်မှာ ငါ့ကိုသတ်ဖို့လို့ (ကြွက်ခုပ်)ကြွက်ထောင်ချောက်တစ်ခု ဈီးက၀ယ်ခရေဝေ ငါဇာနိန်သီဖို့လေ့ မသိ ၊ငါ ဇာပိုင်လုပ်ရဖိုလဲ့လို့ အကြံတောင်းရေခါ သူ့ သူငယ်ချင်း ကြက်ဖချေက ကြွက်ခုပ်ဝယ်ခစွာ ငါနန့်ကမဆိုင် မင်းနန့်ရာဆိုင်ရေလို့ ကြက်ဖချေက ပြောလိုက်ပါရေ၊ ထိုအခါ ကြွက်မချေက စိတ်ညစ်ပြီးကေ သူငယ်ချင်းဖြိုက်တေ ၀က်တောင်းချေပါးကို လားပြီးကေ အကြံတောင်းပါရေ ၊ထိုအခါ ၀က်တောင်းချေကလေ့ အဝေ ကြွက်မချေ ငါ့ရို့အိမ်ရှင်မှာ (ကြွက်ခုပ်)၊ ကြွက်ထောင်ချောက်ဝယ်စွာ ငါနန့်ကမဆိုင် မင်းနန့်ရာဆိုင်ရေ ပြောလိုက်ပါရေ၊ ကြွက်မချေလေ့ စိတ်အားငယ်ပြီးကေ သူ့သူငယ်ချင်းဖြိုက်တေ နွားထီးချေပါးသို့ လားပြီးကေ နောက်ဆုံးအကြံတောင်းကြည့်ဖို့ဗျာလ် ဆိုပြီးကေ နွားထီးချေကို ကြက်ဖချေ နန့် ၀က်တောင်းချေပိုင် အကြံတောင်းမိပါရေ၊ ထိုအခါ နွားထီးချေလည်း (ကြွက်ခုပ်) ၀ယ်စွာ ငါနန့်ကမဆိုင် မင်းနန့်ရာ ဆိုင်ရေဆိုပြီးကေ ပြောလွတ်လိုက်ပါရေ၊ ကြွက်မချေလည်း သူငယ်ချင်းချင်း တစ်အိမ်တည်းမှာ အတူတူနိန်ကတ်လို့ပင် တစ်ကောင်ဒုက္ခရောက်ဖို့စွာကို တစ်ကောင်လေ့မကူညီ ငါနန့်မဆိုင်ဂျေး ပြောကတ်တေ ။ ထိုအခါ ကြွက်မချေက ငါလေ့ ဇာတတ်နိုင်ဖို့လဲ ငါ့ကိုငါ စားသတိ လားသတိ နိန်သတိ ထားလီရဖို့ဗျာလ် ဆိုပြီးကေ ယင်းနိန့်ကပင် ကြွက်မချေရေ အထူးသတိထားပြီးကေ နိန်ပါရေ ၊တစ်ရက်နိန်ခါ (ဖေါင်း)ဆိုရေ အသံကြားလိုက်ရလို့ အိမ်ရှင်က အေလောက်ကေ ကြွက်ခုပ်မှာ ကြွက်ကျနိန်ဗျာလ် ဆိုပြီးကေ ကမန်းကတန်းလားကြည့်ရေခါ မြွီတစ်ကောင် ပဒုန်းဖျားက ကြွက်ခုပ်မှာ ညှပ်နိန်စွာကို အိမ်ရှင်က သတိမထားဘဲ အနားကို ကပ်လို့ ကြည့်လိုက်တေခါ မြွီက အိမ်ရှင်ကို တောက်ပလိုက်ပါရေ ၊ထိုအခါ အိမ်ရှင် မြွီဆိပ်တက်နိန်လို့ ဆီးသမားခေါ်ဖို့ အိမ်နားပတ်ဝန်းကျင်က လူတိကို အိမ်ရှင်မက အကူအညီတောင်းလိုက်ပါရေ ၊အိမ်နားကလူတိလေ့ ဆီးသမားကိုလားခေါ်ပီးကတ်ပါရေ ၊ယင်အတွက်နန့် အိမ်ရှင်မက ကျေးဇူးဆပ်တေ အနေနန့် အိမ်မှာဟိန်ရေ ကြက်ဖချေကို သတ်ပြီးကေ ဆီးသမားခေါ်ပီးရေ အိမ်နားပတ်ဝန်းကျင်ကလူတိကို ထမင်းချက်ကျွေးလိုက်ပါရေ၊နောက်တစ်ရက်နိန်ခါ အိမ်ရှင်က မြွီဆိပ်တက်ပြီးကေ သီလားခပါရေ၊ ထိုအခါ အိမ်ရှင်မက ရပ်ဝီးရပ်နီး ဆွေမျိုးတိကို (မသာ) အသုဘချဖို့အတွက် အကြောင်းကြားလိုက်ပါရေ၊ မသာပို့သဂြိုလ်ဖို့ ရောက်လာကတ်တေ ဆွေမျိုးမိတ်ဆွေတိကို အိမ်မှာဟိန်ရေ ၀က်တောင်းချေကို သတ်ပြီးကေ ထမင်းကျွေးလိုက်ရပါရေ ၊ နောက်ခုနစ်ရက်မြောက်ရေခါ အိမ်ရှင်မက သီလားခရေ အိမ်ရှင်အတွက် သပိတ်ဖြည့် အလှူအတန်းတစ်ခုလုပ်ဖို့ဆိုပြီးကေ အိမ်မှာဟိန်ရေ နွားထီးချေကို သတ်ဗျာလ် သပိတ်ဖြည့် ဆွမ်းကျွေးအလှူလုပ်လိုက်ပါရေ၊ထိုအခါ ကြွက်မချေက အော် ငါ့သူငယ်ချင်းတိ တစ်ကောင်လေ့ မဟိန်ကတ်ဗျာလ် အားလုံးသီးလားခကတ်တေမလားဂူး၊ အိမ်ကိုကြွက်ခုပ်ရောက်ခါကပင် အန္တရာယ်ဖြစ်ဖို့စွာကို ငါမြင်လို့ တိုင်ပင်အကြံဥာဏ်တောင်းရေခါ သူရို့က ငါနန့်မဆိုင် ငါနန့်မဆိုင်ဆိုပြီးကေ ခေါင်းရှောင်လားခလို့ အေအဖြိုက်ဆိုးမျိုးကို ရောက်လားခကတ်ရပါရေ ၊အို ရခိုင်သူ/သားရို့ အမျိုးသားရေးနန့် ပက်သက်လို့သော်၎င်း ရခိုင်ပြည်အရေးနှင့် ပက်သက်လို့သော်၎င်း ငါနန့်မဆိုင် ငါနန့်မဆိုင် ဆိုပြီးကေ ခေါင်းမေ၇ှာင်လားကတ်ပါကေ့ ရောက်ရေနိန်ရာ ရောက်ရေအရပ်မှာ မိမိအသိစိတ်ဖြင့် ကိုယ့်မှာဟိန်ရေ ဥာဏ်စွမ်းရှိသလောက် ကိုယ်စွမ်းရှိသလောက် နိုင်သလောက်ရာ စွမ်းသလောက်ရာ ရခိုင်ပြည်အရေးး ရခိုင်အမျိုးသားရေးကို တာဝန်ကိုယ်စီ ယူခကတ်ဖို့ဆိုကေ ဒေကနိန့် ရခိုင်ပြည် နှင့် ရခိုင်သားတိ အဂုပိုင် အောက်ကျလားဖို့ လုံးဝမမြင်ပါ၊ ရခိုင်တစ်ယောက် ဒုက္ခရောက်နိန်စွာကိုမြင်ကေ ငါနန့်မဆိုင်၊ ရခိုင်မိသားစုတစ်စု အခက်အခဲဖြိုက်နိန်စွာကိုမြင်ကေ ငါရို့နန့်က အမျိုးမတော် ၊ရခိုင်ရွာတစ်ရွာ ဒုက္ခရောက်နိန်စွာကြားကေ ငါရို့ရွာနန့်က အ၀ီးကြီးရာ ငါရို့နန့်မဆိုင် ၊ရခိုင်ပြည်က မြို့တစ်မြို့ ဒုက္ခရောက်နိန်ရေလို့ ကြားကေ ငါ့ရို့နိန်ရေ မြို့ကမဟုတ် ငါ့ရို့နန့် မဆိုင် ၊ဆိုပြီးကေ မျက်နှာလွှဲ ဂေါင်းရှောင်ပြီး ဥပေက္ခာပြုမထားကတ်ပါကေ့၊ ၊(ရခိုင်ဆိုရေ စာလုံးနောက်က ကောင်းကောင်း ဆိုးဆိုး ထွက်လာသမျှအဓိပ်ပါယ်သည် ရခိုင်တစ်မျိုးသားလုံးနန့် သက်ဆိုင်ရေ) လို့ ခံယူထားကတ်စီချင်ပါရေ ၊ နောက်လာနောက်သား ရခိုင်များအတွက် ကျွန်တော်ရို့ရေ ဒေနိန်ကစလို့ ဇာပင်လုပ်လုပ် အမျိုးသားရေးအသိချေတစ်ခု ကပ်ပြီးကေ လုပ်ကတ်ဖို့စွာကို တိုက်တွန်းလိုက်ပါရေ...

ကျွန်တော် ချိုက်သော ရခိုင်ပြည်

.......ရခိုင်ပြည် ကြီး အီးချန်းသာယာနိုင်ပါစီ......