ခဏလောက်ဝေးနေကြတဲ့ ချစ်သူတွေ အတွက်
November 26, 2012
Sweet December
ဒီဇင်ဘာ ၁ ရက်နေ့ ကို ... Sweet December လို့ တော်တော်များများသိကြပါတယ်... ကျတော် က တော့မနေ့ ကမှ သိလိုက်ရတယ်... MWD က လာလို့ ... ဆရာစံဇာဏီဘို ပြော တော့မှ သိတော့တယ်...။
သူပြောသွားတာက.. Sweet December ဆိုတာ ချိုမြတဲ့ December လို့ တိုက်ရိုက်ဘာသာပြန်လို့ ရသလို တကယ်လည်း ချိုမြိန်တဲ့ December လေးလည်း ဖြစ်နိုင်တယ်ဆိုတာ ပြော ပြသွားပါတယ်..။
အဲ့ဒ်ီနေ့ မှာ ဂေါ်မစွံ့ တဲ့ အပျိုကြီး မမ တွေ .... လူပျိုကြီးကိုကိုတွေ တောင်မှ သုံးလို့ ရတဲ့ စန်းပွင့်စေတဲ့ အစီအရင်လေးပါတဲ့......
ပြုလုပ်ရမှာက ဒီလို .....
December ၁ ရက်နေ့ မှာ ပွင့်တဲ့ ဘယ် ပန်းမဆို .... ၃ပွင့်ကို ယူ... ပန်းအိုးလေးတစ်အိုးထဲ ထည့်ထား... ၃ ရက်မြောက်တဲ့ နေ့ မှာ.... အဲ့ဒီ ၃ ပွင့် ထဲကမှ မညိုးဆုံး ပန်းပွင့်ကို ယူ.... ကိုယ်နဲ့ အမြဲမကွာရှိမယ့် စာအုပ် လို တစ်ခုခုမှာ ကြားထဲညှပ်ပြီး ဆောင်ထားပါ.... ထူးခြားစွာ စန်းပွင့်မယ်.... ထူးခြားတဲ့ မေတ္တာတွေ ကို ရရှိကြမှာ မလွဲဘူးလို့ တော့ပြောသွားပါတယ်....
ဟုတ် မဟုတ် တော့ စမ်းကြည့်ကြပါအုံး ...ထူးရင်လည်းပြော အုံး....

Subscribe to:
Posts (Atom)