ရေစက်ဆိုတာ
ရှောင်လွဲလို့ မရတဲ့အရာတစ်ခုထဲမှာ
မင်းနဲ့ ငါဆုံခဲ့ကြတယ်။
အချစ်...ဆိုတဲ့
ထွက်ပြေးလွတ်မြောက်လို့ မရတဲ့
စည်းဝိုင်းထဲမှာ
ပိတ်မိခဲ့ကြတယ်။
သံယောဇဉ်..ဆိုတဲ့
နွယ်ရှင်တွေကြားမှာ
လှုပ်ရှားရုန်းကန်မရ ဖြစ်ခဲ့တယ်။
စိတ်ကူးယဉ်..ဆန်တဲ့
အိပ်မက်တစ်ခုထဲမှာ
အရှင်လက်လက်ရှုးသွပ်ခဲ့ကြတယ်။
ဝေဒနာ..ဆိုတဲ့
မလိုချင်လည်း ငြင်းပယ်ခွင့်မရှိတဲ့
စီရင်ချက်တွေကြားမှာ
ခံရခက်စွာ အသက်ရှုရတယ်
နောက်ဆုံးတော
အမှန်တရား....ဆိုတဲ့
အခါးအသီးဆုံး လက်တွေ့ ထဲမှာ
နာကျင်စွာနိုးထ
ဘ၀ဆိုတာ
တစ်ခါတစ်ခါ
ပဲ့ ကြွေအက်ကွဲသွားပေမယ့်လည်း
(ငါကတော့)
မာန..ဆိုတဲ့
ကိုယ်ပိုင်ပစ်စည်း တစ်ခုတည်းနဲ့ 
ပြန်လည်ထုဆစ်တည်ဆောက်မယ်...။့
March 19, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment