Social Icons

Pages

June 20, 2008

တောင်းပန်ခြင်း

ကျတော် Post တွေ မရေးနိုင်တာ တွေကိုတောင်းပန်ချင်လို့ ဒီ Post လေးကို မအားတဲ့ ကြားထဲကတင်လိုက်တာ ဖြစ်ပါတယ်..ဘာတွေများလုပ်နေလဲဆိုတာ ကို ဆက်ဖက် ကြရအောင်..လိုက်ခဲ့နော်...

ကျတော်က အခုတလော Money လည်းပြတ်နေတယ်..ကျောင်းကလည်းသွားရတယ်..ကျတော်က ဒီ Blogging ကိုအရမ်း ၀ါသနာပါလို့ သာလုပ်နေတာ..အရမ်းလည်းပျော်တယ်..(Blogging ရတာကို)

ကျတော်က..ဒီအတောအတွင်းမှာ..Templateအသစ်လေးတွေရှာနေတာ..နဲ့Postမတင်နိုင်တာပါအသစ်လေးတွေ တော့တော်တော်များများတွေ့ တယ်..Zawgyi လည်း အဆင်ပြေတယ်ကျတော်တို့ Blogger တွေ Zawgyi
ကိုအရမ်း အားကိုးကြတာမလား ?

ကျတော် ငယ်ငယ်တုန်းက (ဘလော့စရေးတုန်းက) အရမ်း စိတ်ညစ်ခဲ့ရတာ မြန်မာလိုရေးချင်ခဲ့တာ မရေးနိုင်တော့ မရေးတော့ဘူးလို့ တောင် လုပ်ခဲ့သေးတယ်..ကိုယ် က English လိုမှ မကျွမ်းတာ ကိုယ်က အဆင့် မှမမှီတာ.ရေးတော့ရေးတက်တာပေါ့..လာဖတ်ကြရင်ရှတ်စရာကြီး (ဟုတ်တယ်မလား)

ကျတော် အချိန်ရရင် အဲ့ဒီ Template လေးတွေကိုတင်ပေးဖို့ အစီစဉ် ရှိပါတယ်...ကျတော် စုထားပေးပါမယ်..

(အားလုံးကိုကျေးဇူးတင်ပါတယ်)


June 12, 2008

>>ချစ်သူရဲ့ကဗျာ<<

မဖြစ်သင့်ပါဘူး။
ငါ့ကဗျာတွေ ကာရန်မဲ့ခဲ့ရ
ငါ့စကားတွေလည်း ဆွံ့အ
မနက်ခင်းတွေတောင်မှ မလှပတော့တာ ကြာပေါ့။


ချစ်သူ...
သနားသောအားဖြင့်
ကြင်နာသောအားဖြင့်
ချစ်ခြင်းအားဖြင့်
ငါ၏ ဒုက္ခနွံတွင်းမှ ကယ်တင်လှည့်ပါ။

ချစ်သူ၏ အပြုံးတစ်ချက်
ငါခရီးဆုံးထိလျှောက်ရန် လိုအပ်သောအား ဖြစ်စေ။
ချစ်သူ၏ မျက်ဝန်းတစ်စုံ
ငါ့ရင်ခုန်သံများမှပျိုးသော ကဗျာများအဖြစ်ပြောင်းအံ့။
ချစ်သူ၏ ယုယမှုအောက်
ငါထောက်မည့်ဒူးများအား မိုးကိုထိစေမည်။

ချစ်သူ...
ငါ့ဘ၀ထဲကို ၀င်လာလှည့်ပါ။
ငါ့အား ဖေးမလှည့်ပါ။
ငါ့အား ငြိမ်းချမ်းမှုပေးပါ။

သနားသောအားဖြင့်
ငါ့စကားများအား အသက်သွင်း
ကြင်နာသောအားဖြင့်
ငါ့ကဗျာများအား ကာရန်အပ်နှင်းပေးလော့။
ချစ်သူ၏ ထံပါး၌သာ
(ချစ်ခြင်းအားဖြင့်)
ငါ့မနက်ခင်းများ...လှပစေတော့မည်။

စွဲလမ်းခြင်းဆိုတာ…

ကျတော် အရမ်းကြို က်လို့ Copy ကူးပြီးတင်ပေးလိုက်ပါတယ်..အိမ်မက်များ ကနေပြီးကူးလာခဲ့တာပါ

စွဲလမ်းခြင်းဆိုတာ…
ဟစ်အော်လို့  လှစ်ဖေါ်ကြတာ ရှိသလို
နင့်နေအောင် ရင်ထဲအပြည့်
တိတ်တဆိတ် မျိုသိပ်ပြီး
ဆိတ်ဆိတ်ကလေး လွမ်းနေကြတာလဲ
အများသားပေါ့။

လူဆိုတာ အခက်သား
မပြောဘဲ ဘယ်သိမလဲတဲ့၊
ခံစားမှု တစုံတရာကို
တရားသဘင်မှာ စကားပလ္လင်ခံပြီး
ပြောရမှာလား ကွာ…

တိတ်တဆိတ် မင်းအပြုံးတွေ
ကြိတ်ကြည့်တတ်သူ တယောက်ကို
မင်းတနေ့ ဖမ်းမိခဲ့ရင်တော့
ရင်ထဲက မပြောဖြစ်တဲ့ စကားတွေကို
မင်းတချက်လောက်တော့ ရိပ်မိမှာပါ
တပွေ့တပိုက် မေတ္တာတွေနဲ့
တိတ်တိတ်ကလေး ပြုံးနေသူကို
မင်းတနေ့တော့ ဂရုစိုက်မိမှာပါ ကွာ…

အကြင်နာတွေနဲ့ ဖေးကူပါ

ကျတော် ဒီနေ့ မှ Post တင်ဖြစ်တော့တယ်..ကျတော် စာမေးပွဲနဲ့ နပမ်းလုံးနေရလို့ ပါဗျာ။ စာမေးပွဲတောင် ဘယ်လို လာမလဲမသိသေးပါဘူးဗျာ. စာတွေ လည်း နာဂစ် နဲ့ အတူ လေထဲပါသွားတယ်ထင်တယ်..
ကျောင်းကတော့ ၁၆ရက်နေ့  တနင်္လာနေ့ ပြန်ဖွင့်မယ်ပြောနေတယ်..ပြန်တက်ရတော့ မှာပေါ ဘယ်တက်နိုင်မလဲ ကျောင်းမှာတော့ Second Semester တောင်ပြန်ဖွင့်နေပြီ ဆိုတော့ တက်ရတော့ မှာပေါ့ ။
တနေ့ တနေ့ ချက်ထိုင်လိုက်(Chat) Website တွေ ရှာလိုက်နဲ့ နေခဲ့တာ အချိန်ဆိုတာ တော်တော် အကုန်မြန်ပါလား နော်..

ကျတော် နာဂစ်အတွက် ဆိုထားတဲ့ သီချင်းလေးကို Youtube ကတွေ့ လို့  သူငယ်ချင်းတွေ အတွက် ပြန်ပြီ မျှဝေပေးလိုက်ပါတယ်


တဆင့်ပြန်လည် မျှဝေကြပါ