မဖြစ်သင့်ပါဘူး။
ငါ့ကဗျာတွေ ကာရန်မဲ့ခဲ့ရ
ငါ့စကားတွေလည်း ဆွံ့အ
မနက်ခင်းတွေတောင်မှ မလှပတော့တာ ကြာပေါ့။
ချစ်သူ...
သနားသောအားဖြင့်
ကြင်နာသောအားဖြင့်
ချစ်ခြင်းအားဖြင့်
ငါ၏ ဒုက္ခနွံတွင်းမှ ကယ်တင်လှည့်ပါ။
ချစ်သူ၏ အပြုံးတစ်ချက်
ငါခရီးဆုံးထိလျှောက်ရန် လိုအပ်သောအား ဖြစ်စေ။
ချစ်သူ၏ မျက်ဝန်းတစ်စုံ
ငါ့ရင်ခုန်သံများမှပျိုးသော ကဗျာများအဖြစ်ပြောင်းအံ့။
ချစ်သူ၏ ယုယမှုအောက်
ငါထောက်မည့်ဒူးများအား မိုးကိုထိစေမည်။
ချစ်သူ...
ငါ့ဘ၀ထဲကို ၀င်လာလှည့်ပါ။
ငါ့အား ဖေးမလှည့်ပါ။
ငါ့အား ငြိမ်းချမ်းမှုပေးပါ။
သနားသောအားဖြင့်
ငါ့စကားများအား အသက်သွင်း
ကြင်နာသောအားဖြင့်
ငါ့ကဗျာများအား ကာရန်အပ်နှင်းပေးလော့။
ချစ်သူ၏ ထံပါး၌သာ
(ချစ်ခြင်းအားဖြင့်)
ငါ့မနက်ခင်းများ...လှပစေတော့မည်။
June 12, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment