Social Icons

Pages

July 29, 2009

ချစ်သူ....

ချစ်သူရေ…မင်းအပြုံးလေးတွေ က

ငါ့အတွက် အားဆေးတစ်ခွက်ဖြစ်သလို

မင်းရဲ့ အကြည့်တစချက်နဲ့ တင်

အသက်ဆက်ဖို့ 

လုံလောက်နေသူပါကွာ..။

ချစ်သူသို့ အလွမ်း

သတိရခြင်းနဲ့ ပစ်ခွင်း

ရင်တွင်းကို မှန်တဲ့မြှား

ငါကြည့်လိုက်မိတယ်…အလွမ်းတဲ့။

ချစ်သူ

မင်းပါးပေါ်ကသနပ်ခါး

ပါးကွက်ကြား လည်းငါလွမ်းတယ်..

အနားမှာတီးတိုး

မင်းဆိုဖူးတဲ့သီချင်းလည်း ငါလွမ်းတယ်။

သတိတစ်ခါရတိုင်း

ပန်းတစ်ပွင့်ပွင့်ခဲ့ရင်

ရင်ထဲမှာမင်းအတွက်

ပန်းဥယျာဉ်ဖြစ်နေပြီ။

ကောင်းကင်မှာ မင်းအတွက်

ငါ့ရဲ့အလွမ်းနဲ့ တောက်တဲ့

ကြယ်တစ်ပွင့်ရှိတယ်…။

July 12, 2009

မေမေ

မေမေ

စကားလုံးနှစ်လုံးတည်း
ရှိပေမယ့်
တစ်လောကလုံးက
စကားလုံးတွေမှီမည်မထင်
မှီမည်(မယ်)ဆို အံ့တုလို့ မရ
တုနှိုင်းမဲ့ကင်းမွေးမိရင်းကို
ဆင်းရဲပူဆူစိတ်ကိုရူးအောင်
မပြုလုပ်
ဆောင်ရွက်သူ
ထိုသူသည်ကား
အဖိုးတန်ရတနာပင်တည်း။

သူငယ်ချင်း

သူငယ်ချင်း
(အခုတော့..ကျတော့ကောင်မလေးပေါ့..)

မင်းနဲ့ မတွေ့ ရတာ ကြာနေပါပြီကွာ
တယောက်တည်း နေရတာ ငါ ဘာလို့ မပျော်တာလဲ

မင်းရှိတဲ့ အချိန်တွေကိုပဲ သတိရနေတယ်
ဖြစ်နိုင်ရင် အရင်ချိန်တွေ ကိုပြန်လိုချင်တယ်

မင်းကို မတွေ့ ရပေမယ့်
မင်းကိုတော့ သတိရနေစမြဲပါ

ငါတို့ အတူတူ သွားခဲ့တဲ့ နေရလေးတွေ
အစားအသောက်လေးတွေ
တွေ့ လိုက်တိုင်း မင်းကို ပဲ
သတိရနေမိတယ်..

နောက်ဆုံးကုန်ကုန်ပြောမယ်ကွာ
မင်းကိုလေ
ငါ ဒီလောကထဲမှာမရှိတော့ရင်တောင်
မင်းနားမှာ ငါ့ဝိညာဉ် ရှိနေမယ်ဆိုတာ
မင်းယုံကြည်ပေးပါ

(တချိန်တုန်းက ကျတော့်ကို အရမ်းခင်တယ်ဆိုတဲ့ သူငယ်ချင်း တယောက်အတွက်)

May 29, 2009

အမှတ်တရဖြစ်စရာတွေ

အရင်နှစ်က ဒီအချိန်..
ဒီအချိန်မှာ..ကျတော့် စိတ်တွေဟာ တည် ငြိမ်စ ပြုနေတဲ့အချိန် တွေပေါ့..ကောင်မလေး တယောက်ကိုချစ်နေ မိတယ် ဆိုပါတော့..ဘာလို လိုနဲ့ ၁ နှစ်တောင် ပြည့်ခဲ့ပြီ ..ကျတော်တို့ စတွေ့ ခဲ့တဲ့ နေ့ လေးတွေဟာ.. ဒါပေမယ့် မနေ့ တနေ့ ကလို ပဲ ခံစားရပါသေးတယ်...


ဒီလိုနဲ့ ဘဲအဲ့ဒီကောင်မလေးကို ချစ်မိတယ် ဆိုပါတော့ဗျာ

သူနဲ့ ကျတော် နဲ့  စတွေ့ တာကတော့..Onlineမှာ အရင်ဆုံး စတွေ့ ခဲ့ကြတယ်..ဘာလို့ လဲဆိုတော့ သူနဲ့ ကျတော်က နေထိုင်တဲ့မြို့ ခြင်းမှ မတူတာ..သူကတော့ အထက်မြန်မာပြည် မှာနေပြီးတော့ ကျတော်က အောက်မြန်မာပြည် မှာနေတာဆိုတော့...

ကျတော်တို့ တွေ့ ကြပါတယ်.. Online မှာ ၃-၄ ခေါက်လောက် တွေ့ ဖြစ်တယ်..

နောက်တော့ ကျတော်တို့ ဖုန်းပြောဖြစ်ခဲ့ကြတယ်..သူ့ မွေးနေ့ က ၃၁.၃.၁၉၈၈ လေ.. ကျတော်က ၅.၁၀.၁၉၈၈ ဆိုတော့ ကျတော့်ထက် အသက်နည်းနည်း ကြီးနေတယ်...သူက ကျတော့် ကို အရမ်းခင်တယ်..(သူငယ်ချင်းတုန်း ကပေါ့) အခုတော့ (အရမ်းချစ်တယ်ဆို ပါတော့)

အခုတော့ ဝေးနေရတယ်ဗျာ...
ဘာတွေပဲဖြစ်ဖြစ် ကျတော်သူ့ ကိုချစ်နေမှာ ပါ...(ဟဲလေးလို..ဘာပဲဖြစ်ဖြစ်ချစ်တယ်)

ဝေးနေချိန်တွေ ခဏ
အချိန်တွေ ကုန်ချင်လွန်း
မတက်နိုင်တော့လည်း
ကံကြမ္မာရယ်
ဘယ်လိုနည်းနဲ့ မှ
ပြန်မဆုံနိုင်တဲ့
ဝေးကွာခြင်းနဲ့ 
မဝေးရပါစေနဲ့ 
ဗျာ

ဟဲလေးသီချင်း ဒေါင်းလုဒ် ရယူရန


May 27, 2009

ရိုးသားခြင်းရေ ဖြေပါအုံး

ရိုးသားဖို့ကြိုးစားရင်း
ရိုးသားခြင်းက
ရိုးသားစွာ
ငါ့ကိုထားခဲ့ပြီ။

ရိုးသားခြင်းရေ
မင်းကိုငါနားလည်ပါတယ်
ရိုးသားတဲ့လူကိုဘဲ
ရိုးသားခြင်းက
ဝမ်းနည်းခြင်းနဲ့အတူ
ရိုးသားစွာ
ခွဲထားခဲ့ရတယ်ဆိုတာကိုပါ။

အိပ်မက်

May 2, 2009

ဘေးလိပ်ဖြတ်ခြင်း

ခေါင်းစဉ်အမှန်က ဆေးလိပ်ဖြတ်ခြင်း ပဲဖြစ်ပါတယ်။ ကျွန်တော်တမင်သက်သက် ဘေးလိပ်ဖြတ်ခြင်းလို့ ရေးလိုက်တာပါ။

ဆေးဆိုတာ
လူတွေအတွက်ကောင်းကျိုးပြုတဲ့အရာပါ။ ကောင်းတဲ့နေရာမှာ များသောအား
ဖြင့်အသုံးပြုတဲ့စကားလုံးပါ။ ဒါပေမယ့် ဆေးလိပ်လို့ဆိုလိုက်တာနဲ့ လုံးဝကောင်းဖို့မရှိ၊ ဆိုးကျိုးတွေချည်းပါပဲ။

ကဲ.... ဒီတော့ ဘေးထွက်ဆိုးကျိုးသာရှိတဲ့ ဆေးလိပ်ကို ဘေးလိပ်လို့ပဲခေါ်တာ လိုက်ဖက်သင့်တော်တယ်လို့
ကျွန်တော်ထင်ပါတယ်။

အခုခေတ် လူငယ်အများစုသောက်နေကြတဲ့ စီးကရက်ဟာ စပိန်နိုင်ငံက သူတောင်းစားတွေ စသောက်ခဲ့တာဖြစ်ပါတယ်။ (မယုံရင် google ထဲကနေ cigarette's history ဆိုပြီးရှာကြည့်ပါ။ ) သူတောင်းစားတွေက ဆေးပြင်းလိပ်ဖိုး မတတ်နိုင်လို့ ဆေးပြင်းလိပ်အတိုလေးတွေ လိုက်ကောက်၊ အဲဒီ့ထဲက ဆေးသားစလေးတွေကို စက္ကူနဲ့ လိပ်သောက်ရင်း စီးကရက်ဆိုတာ စတင်ဖြစ်ပေါ်လာတာပါ။ ဒါ့ကြောင့် ခုခေတ်လူငယ်
တွေသောက်နေတဲ့ စီးကရက်ဟာ စပိန်က သူတောင်းစားတွေစသောက်ခဲ့တာပါလားလို့ သိစေချင်ပါတယ်။

ဆေးလိပ်သောက်တဲ့သူတိုင်း ကျိန်းသေပေါက်နီးပါး ဖြစ်နိုင်တာတွေက အဆုတ်ကင်ဆာ၊ နှလုံးသွေးကြောကျဉ်းရောဂါ နဲ့ Emphysma တို့အပြင်တခြား ကြောက်မက်ဖွယ် ရောဂါဆိုးတွေလည်း ရှိပါသေးတယ်။

ဒါကြောင့် ဆေးလိပ်သောက်သုံးသူတွေ 420000 ( လေးသိန်းနှစ်သောင်း ) ခန့်ဟာ ဆေးလိပ်မှာ ပါဝင်တဲ့ဆေးရွက်ကြီး (Tobacco) ကြောင့် နှစ်စဉ် သေဆုံးခဲ့ရပါတယ်။ ပိုဝမ်းနည်းစရာကောင်းတာက ဆေးလိပ်မသောက်တတ်ပေမယ့် second hand smoking လို့ခေါ်တဲ့ တစ်ဆင့်ရှုမိရာကနေ သေဆုံးတဲ့သူပေါင်း နှစ်စဉ်53000 ခန့် ရှိပါတယ်။

ဒါကြောင့် ကိုယ့်ချစ်သူအနားမှာ၊ ကလေးတွေရှိတဲ့ ပတ်ဝန်းကျင်မှာ၊ လူကြားသူကြားမှာ
ဆေးလိပ်မသောက်ကြပါနဲ့။ ကိယ်တိုင်က မသောက်ပဲနေနိုင်ရင် အကောင်းဆုံးပါပဲ။ သောက်နေတယ်ဆိုရင် လည်း ရအောင်ဖြတ်ကြပါ။

ဆရာမင်းလူရဲ့စကားကိုခဏငှါးသုံးရမယ်ဆိုရင်
"မသောက်တတ်ခင်က ဖြတ်လိုက်တာ အကောင်းဆုံးပါပဲ"

ဆေးလိပ်မှာပါတဲ့ နီကိုတင်းဟာ အလွန်အားပြင်းတဲ့ ဆေး(အဆိပ်) တစ်မျိုးပဲ ဖြစ်ပါတယ်။ အဲဒီ့
အစက်လေးသုံးစက်လောက်ဟာ လူတစ်ယောက်ကို ချက်ချင်းသေစေနိုင်ပါတယ်။ ပြီးတော့ ကင်ဆာရဲ့ သုံးဆယ်ရာခိုင်နှုန်3း0%ဟာဆေးလိပ်ကြောင့်ဖြစ်ပါတယ်။ဆေးလိပ်သောက်တတ်သူတစ်ဦးကြောင့်
ဘေးနားကမသောက်တတ်တဲ့ မိသားစုဝင်တွေမှာအဆုတ်ကင်ဆာဖြစ်နိုင်ချေရှိပါတယ်။ဆေးလိပ်ငွေ့ကိုရှူရှိုက်ပြီးကြီးပြင်းရမယ့် ကလေးတွေမှာလည်းဖွံ့ဖြိုးမှုအတွက်ပြသနာတွေရှိသလိုအနံ့ခံစွမ်းရည်တွေဆုံးရှုံး
ရပါတယ်။
အကယ်၍ဆေးလိပ်ဖြတ်ဖို့သင်ဆုံးဖြတ်ပြီးပြီဆိုရင်အောက်ပါနည်းလမ်းတွေနဲ့တတ်နိုင်သလောက်ကူညီပါရစေ။




ဆေးလိပ်ဖြတ်မယ်ဆိုရင်

၁။ ။ဆေးလပ်ဖြတ်ချင်တဲ့စိတ်ကိုမွေးပါ။ ဆုံးဖြတ်ပါ။
၂။ ။ဆေးလိပ်ဖြတ်ရတဲ့ အကြောင်းပြချက်တွေရှာပါ။ စာရင်းပြုစုပါ။
၃။ ။ဆေးလိပ်ဖြတ်နိုင်ရန် သင်ကိုယ်တိုင်စတင်လုပ်ဆောင်ပါ။ ကြိုးစားပါ။
၎။ ။ဆေးလိပ်ဖြတ်သော ပြက္ခဒိန်တစ်ခုထားပါ။ ရက်စွဲသတ်မှတ်ပါ။
၅။ ။ကောင်းမြတ်တဲ့ မျှော်လင့်ချက်ထားပါ။ ယုံကြည်စိတ်မွေးပါ။
၆။ ။ဘေးထွက်ဆိုးကျိုးတွေ (withdrawal symptoms)ဟာ ခေတ္တခဏသာဖြစ်တယ်လို့နားလည်ထားပါ။
စိတ်ဓါတ်ကြံ့ခိုင်ပါ။
၇။ ။တစ်စုံတစ်ယောက်ကို အသိပေး၍ ဖြတ်ပါ။ ပါဝင်ပတ်သက်ခိုင်းပါ။

နည်းလမ်းများ

၁။ ။ အစိမ်းလိုက်ဖြတ်ခြင်း ၊ တုံးတိဖြတ်ခြင်း ။
၂။ ။ အရေအတွက် လျှော့ချခြင်း ၊ တဖြည်းဖြည်းဖြတ်ခြင်း ။
၃။ ။ တဝက်သာသောက်ခြင်း ၊ တဝက်မှ စ၍ဖြတ်ခြင်း။
၎။ ။ တစ်နာရီခြားအောင်စောင့်၍ သောက်ခြင်း။ (wait one hour before first smoke )

ဆေးလိပ်တကယ်ဖြတ်ပြီဆိုရင် ( အဲဒီ့နေ့ကျရင် )

၁။ ။ရှိသမျှ ဆေးလိပ်အားလုံး ဝဲပစ်လိုက်ပါ။ သူများကိုပေးတာမျိုးလည်းမလုပ်ပါနဲ့။
၂။ ။ ဆေးလိပ်မဝယ်နိုင်ရန် လက်ထဲတွင် ပိုက်ဆံမရှိအောင်နေပါ။ရှိလျှင် ကုန်အောင်သုံးလိုက်ပါ။
၃။ ။ ဆေးလိပ်သောက်လို့ မရတဲ့နေရာတွေမှာ အချိန်ကို အကျိုးရှိစွာ ကုန်လွန်စေပါ။
၎။ ။ ရေများများသောက်ပါ။
၅။ ။ အရက်မသောက်ပါနဲ့။ ရှောင်ကြဉ်ပါ။
၆။ ။ ဆေးလိပ်သောက်မယ့်အစား တစ်စုံတစ်ယောက်ကိုအော်ခေါ်ပါ။ အဖော်လုပ်ပါ။ ဖုန်းပြောပါ။
၇။ ။ သွားကြားထိုးတံကို ကြေညက်အောင်ဝါးပါ။
ဂ။ ။ ဆေးလိပ်မသောက်တတ်သူများနဲ့ ပေါင်းသင်းပါ။
၉။ ။ ဆေးလိပ်အကြောင်း လေ့လာကြည့်ပါ။ ခွဲခြမ်းစိတ်ဖြာကြည့်ပါ။
၁၀။ ။ ဆေးလိပ်သောက်ချင်လာလျှင် လက်နှစ်ဘက်လုံးအနားမပေးပါနဲ့။ လက်နဲ့လုပ်ရမယ့် အလုပ်မျိုး
များများ လုပ်ပေးပါ။
၁၁။ ။ သွားတိုက်ပါ ။
၁၂။ ။ ရနိုင်သမျှ အနားယူပါ။ ( Get plenty of rest )
၁၃။ ။ နေကြာစေ့စားပါ။
၁၄။ ။ ရေချိုးပါ။
၁၅။ ။ အမွှေးတိုင် ထွန်းထားပါ။

ဆေးလိပ်ဖြတ်စဉ်ခံစားရသောလက္ခဏာများ (Withdrawal symptoms )

၁။ ။ ပါးစပ်ခြောက်သွေ့ခြင်း dry mouth
၂။ ။ ခေါင်းကိုက်ခြင်း
၃။ ။ စိတ်ပူပန်စွာ အိပ်ပျော်ခြင်း ။
၎။ ။ ဆာလောင်ခြင်း
၅။ ။ စိတ်တင်းကြပ်ခြင်း
၆။ ။ ချောင်းဆိုးခြင်း

ကဲ.... သူငယ်ချင်း သေချာဖတ်ပြီးသွားပြီလား။ သူငယ်ချင်းအတွက် တစ်စုံတစ်ရာ အကျိုးပြုမယ်ဆိုရင်ပဲ
ကျေနပ်ပါပြီ။ လူတွေဟာ တစ်စုံတစ်ရာကိုမှတ်သားတဲ့အခါ ရေတိုမှတ်ဥာဏ်၊ ရေရှည်မှတ်ဥာဏ် ဆိုပြီး အလို
အလျောက် ခွဲခြားမှတ်သားလေ့ရှိပါတယ်။ ဒါကိုအသုံးချပြီး အချက်အလက်တော်တော်များများကို မှတ်သားနိုင်
သူတွေကို လူတော်တွေအဖြစ် သတ်မှတ်လေ့ရှိပါတယ်။ ကျွန်တော်အပေါ်ကပြောခဲ့တာတွေကို ရေရှည်မှတ်ဥာဏ်
နဲ့သေချာ မှတ်သားထားစေချင်ပါတယ်။
Everyone must quit smoking. Everyone knows who smokes. Present these ideas to them
or yourself.

ကျွန်တော် ဆယ်တန်းကျောင်းသားဘဝကဆေးလိပ်စသောက်ခဲ့တာခုဆိုရင် ငါးနှစ်ကျော် ခြောက်နှစ်
ထဲကို ဝင်လာပါပြီ။ ဒီ့အရင်က ဖြတ်ဖို့ကြိုးစားခဲ့ပေမယ့် စိတ်ဓါတ်ပျော့ညံ့တာကြောင့် မအောင်မြင်ခဲ့ပါဘူး။ ကျွန်
တော် ရဲဝံ့စွာပြောရဲပါတယ်။ ဆေးလိပ်သောက်နေတဲ့သူအားလုံးဟာ စိတ်ဓါတ်ပျော့ညံ့သူတွေသာဖြစ်ပါတယ်။
ဒါ မှန်သောစကားကိုပြောတာပါ။ သူတို့မှာ ဆေးလိပ်ဖြတ်ဖို့အတွက် စိတ်ဓါတ်ကြံ့ခိုင်မှု မရှိလို့ပါ။ စိတ်ဓါတ်ကြံ့
ခိုင်မှုသာမရှိတာပါ.... အကြောင်းပြချက် အမျိုးမျိုးကတော့ သူတို့ပါးစပ်ထဲမှာ အဆင်သင့်ရှိနေပါတယ်။
ဆယ်ကျော်သက်တွေကို ကျွန်တော်မှာချင်တာက အစမလုပ်မိပါစေနဲ့။ ပြန်ဖြတ်ဖို့ မလွယ်လို့ပါ။ ဆေး
လိပ်သောက်တာကို ဘယ်သူကမှအားပေးမှာ မဟုတ်ပါဘူး။ ကောင်းကျိုးတစ်ခုမှလည်း မရှိပါဘူး။ ပိုပြီးတော့လည်း
စတိုင်ကျမလာပါဘူး။ အထင်ကြီးစရာလည်း တစ်ကွက်မှ မရှိပါဘူး။ လက်ချိုးရေလို့ရတဲ့ အသိဥာဏ်မရှိတဲ့ မိန်း
ကလေးတချို့လောက်ပဲ မိုက်မဲစွာ အထင်ကြီးကြတာပါ။
မိန်းကလေးတွေအနေနဲ့လည်း ကိုယ့်ချစ်သူဆေးလိပ်သောက်တာကို လုံးဝဖြတ်ခိုင်းသင့်ပါတယ်။ ပိုင်
တယ်ဆိုရင်ပြောတာပါ။ တော်ကြာ ဆေးလိပ်တော့မဖြတ်နိုင်ဘူး၊ ချစ်သူကိုပဲ ဖြတ်မယ်ဆိုရင် ဒုက္ခများနေပါဦးမယ်။
လက်ထပ်ဖို့အထိ ရည်ရွယ်ထားတယ်ဆိုရင်တော့ ပိုလို့တောင် ဆေးလိပ်ဖြတ်သင့်ပါတယ်။ သန္ဓေမရနိုင်တဲ့အထိ
လူညွှန့်တုံးစေတတ်လို့ပါ ။
အချက်အလက်အားလုံးကို Quit smoking အက်ဆေးတွေထဲက သင့်တော်သလိုဘာသာပြန်ထားတာပါ။
ကျွန်တော်ပေးတဲ့ နည်းတွေကဆေးလိပ်ဖြတ်မယ့်သူတွေအတွက် အသုံးဝင် လိမ့်မယ်လို့ထင်ပါတယ်။
ဒါပေမယ့် သံယောဇဉ်ကြိုးကို ဘယ်လိုနည်းတွေနဲ့ အပြတ်ဖြတ်မလဲဆိုတာ မသိလို့...........
သိတဲ့သူများရှိရင် ဝေမျှပေးကြပါဦး.............

Forward Mail မှတဆင်မျှဝေပါသည်

May 1, 2009

ပြန်လာခဲ့ပါမည်

စာမေးပွဲတွေ ဖြေနေရလို့ ... မရေးဖြစ်တာ ပါ....

Type the rest of your post here.

April 20, 2009

ဘာတွေလုပ်နေတုန်း

အရမ်းလွမ်းနေပြီ

ပြန်လည်အသက်ဝင် ပြီ

ကျတော်ဘလော် ဂါလော ကကနေ ပြီး ခဏလေး အနားယူနေခဲ့တာပါ....အခုတော့ ပြန်ပြီး အသက် ၀င် နေပါပြီ။
ဘာတွေ ဘယ်လို ပဲပြောင်းလဲပြောင်းလဲ ကျတော် ကတော့ ဒီ ဘလော့ဂင်းကို တော့ ဘယ်တာ့ မှ မစွန့်  လွတ်ဘူး။

ကျတော် အနားယူနေစဉ်မှာ ပဲ.. ကျတော်မှာ အရမ်းချစ်ရတဲ့ ကောင်မလေးတယောက်ရှိနေပါပြီ...။ကျတော် သူ့ ကို အရမ်းချစ်တာယ်... အရမ်းလည်းမြတ်နိုးတယ်...အခြေအနေ ပေးခဲ့ရင် ကျတော် သူ့ကို လက်ထပ်ယူ ဖို့ အထိ စဉ်းစားထားပါတယ်...။

ဒါပေမယ့် သူ က ကျတော် ချစ်တာကို မယုံတ၀တ် ယုံ တ၀တ် ဖြစ်နေတယ်.. (ကျတော် ဘာလုပ်သင့်လဲ)....

ဖြစ်လည်းဖြစ်သင့်ပါတယ်လေ....သူနဲ့ ကျတော်ကအနေဝေးနေတော့.....(နောက်တော့မှ ဆက်ပြောတော့မယ်)

ကျတော် ပြန်လာပြီဆိုတာပါပဲ....