Social Icons

Pages

July 29, 2009

ချစ်သူ....

ချစ်သူရေ…မင်းအပြုံးလေးတွေ က

ငါ့အတွက် အားဆေးတစ်ခွက်ဖြစ်သလို

မင်းရဲ့ အကြည့်တစချက်နဲ့ တင်

အသက်ဆက်ဖို့ 

လုံလောက်နေသူပါကွာ..။

ချစ်သူသို့ အလွမ်း

သတိရခြင်းနဲ့ ပစ်ခွင်း

ရင်တွင်းကို မှန်တဲ့မြှား

ငါကြည့်လိုက်မိတယ်…အလွမ်းတဲ့။

ချစ်သူ

မင်းပါးပေါ်ကသနပ်ခါး

ပါးကွက်ကြား လည်းငါလွမ်းတယ်..

အနားမှာတီးတိုး

မင်းဆိုဖူးတဲ့သီချင်းလည်း ငါလွမ်းတယ်။

သတိတစ်ခါရတိုင်း

ပန်းတစ်ပွင့်ပွင့်ခဲ့ရင်

ရင်ထဲမှာမင်းအတွက်

ပန်းဥယျာဉ်ဖြစ်နေပြီ။

ကောင်းကင်မှာ မင်းအတွက်

ငါ့ရဲ့အလွမ်းနဲ့ တောက်တဲ့

ကြယ်တစ်ပွင့်ရှိတယ်…။

July 12, 2009

မေမေ

မေမေ

စကားလုံးနှစ်လုံးတည်း
ရှိပေမယ့်
တစ်လောကလုံးက
စကားလုံးတွေမှီမည်မထင်
မှီမည်(မယ်)ဆို အံ့တုလို့ မရ
တုနှိုင်းမဲ့ကင်းမွေးမိရင်းကို
ဆင်းရဲပူဆူစိတ်ကိုရူးအောင်
မပြုလုပ်
ဆောင်ရွက်သူ
ထိုသူသည်ကား
အဖိုးတန်ရတနာပင်တည်း။

သူငယ်ချင်း

သူငယ်ချင်း
(အခုတော့..ကျတော့ကောင်မလေးပေါ့..)

မင်းနဲ့ မတွေ့ ရတာ ကြာနေပါပြီကွာ
တယောက်တည်း နေရတာ ငါ ဘာလို့ မပျော်တာလဲ

မင်းရှိတဲ့ အချိန်တွေကိုပဲ သတိရနေတယ်
ဖြစ်နိုင်ရင် အရင်ချိန်တွေ ကိုပြန်လိုချင်တယ်

မင်းကို မတွေ့ ရပေမယ့်
မင်းကိုတော့ သတိရနေစမြဲပါ

ငါတို့ အတူတူ သွားခဲ့တဲ့ နေရလေးတွေ
အစားအသောက်လေးတွေ
တွေ့ လိုက်တိုင်း မင်းကို ပဲ
သတိရနေမိတယ်..

နောက်ဆုံးကုန်ကုန်ပြောမယ်ကွာ
မင်းကိုလေ
ငါ ဒီလောကထဲမှာမရှိတော့ရင်တောင်
မင်းနားမှာ ငါ့ဝိညာဉ် ရှိနေမယ်ဆိုတာ
မင်းယုံကြည်ပေးပါ

(တချိန်တုန်းက ကျတော့်ကို အရမ်းခင်တယ်ဆိုတဲ့ သူငယ်ချင်း တယောက်အတွက်)