Social Icons

Pages

June 20, 2008

တောင်းပန်ခြင်း

ကျတော် Post တွေ မရေးနိုင်တာ တွေကိုတောင်းပန်ချင်လို့ ဒီ Post လေးကို မအားတဲ့ ကြားထဲကတင်လိုက်တာ ဖြစ်ပါတယ်..ဘာတွေများလုပ်နေလဲဆိုတာ ကို ဆက်ဖက် ကြရအောင်..လိုက်ခဲ့နော်...

ကျတော်က အခုတလော Money လည်းပြတ်နေတယ်..ကျောင်းကလည်းသွားရတယ်..ကျတော်က ဒီ Blogging ကိုအရမ်း ၀ါသနာပါလို့ သာလုပ်နေတာ..အရမ်းလည်းပျော်တယ်..(Blogging ရတာကို)

ကျတော်က..ဒီအတောအတွင်းမှာ..Templateအသစ်လေးတွေရှာနေတာ..နဲ့Postမတင်နိုင်တာပါအသစ်လေးတွေ တော့တော်တော်များများတွေ့ တယ်..Zawgyi လည်း အဆင်ပြေတယ်ကျတော်တို့ Blogger တွေ Zawgyi
ကိုအရမ်း အားကိုးကြတာမလား ?

ကျတော် ငယ်ငယ်တုန်းက (ဘလော့စရေးတုန်းက) အရမ်း စိတ်ညစ်ခဲ့ရတာ မြန်မာလိုရေးချင်ခဲ့တာ မရေးနိုင်တော့ မရေးတော့ဘူးလို့ တောင် လုပ်ခဲ့သေးတယ်..ကိုယ် က English လိုမှ မကျွမ်းတာ ကိုယ်က အဆင့် မှမမှီတာ.ရေးတော့ရေးတက်တာပေါ့..လာဖတ်ကြရင်ရှတ်စရာကြီး (ဟုတ်တယ်မလား)

ကျတော် အချိန်ရရင် အဲ့ဒီ Template လေးတွေကိုတင်ပေးဖို့ အစီစဉ် ရှိပါတယ်...ကျတော် စုထားပေးပါမယ်..

(အားလုံးကိုကျေးဇူးတင်ပါတယ်)


June 12, 2008

>>ချစ်သူရဲ့ကဗျာ<<

မဖြစ်သင့်ပါဘူး။
ငါ့ကဗျာတွေ ကာရန်မဲ့ခဲ့ရ
ငါ့စကားတွေလည်း ဆွံ့အ
မနက်ခင်းတွေတောင်မှ မလှပတော့တာ ကြာပေါ့။


ချစ်သူ...
သနားသောအားဖြင့်
ကြင်နာသောအားဖြင့်
ချစ်ခြင်းအားဖြင့်
ငါ၏ ဒုက္ခနွံတွင်းမှ ကယ်တင်လှည့်ပါ။

ချစ်သူ၏ အပြုံးတစ်ချက်
ငါခရီးဆုံးထိလျှောက်ရန် လိုအပ်သောအား ဖြစ်စေ။
ချစ်သူ၏ မျက်ဝန်းတစ်စုံ
ငါ့ရင်ခုန်သံများမှပျိုးသော ကဗျာများအဖြစ်ပြောင်းအံ့။
ချစ်သူ၏ ယုယမှုအောက်
ငါထောက်မည့်ဒူးများအား မိုးကိုထိစေမည်။

ချစ်သူ...
ငါ့ဘ၀ထဲကို ၀င်လာလှည့်ပါ။
ငါ့အား ဖေးမလှည့်ပါ။
ငါ့အား ငြိမ်းချမ်းမှုပေးပါ။

သနားသောအားဖြင့်
ငါ့စကားများအား အသက်သွင်း
ကြင်နာသောအားဖြင့်
ငါ့ကဗျာများအား ကာရန်အပ်နှင်းပေးလော့။
ချစ်သူ၏ ထံပါး၌သာ
(ချစ်ခြင်းအားဖြင့်)
ငါ့မနက်ခင်းများ...လှပစေတော့မည်။

စွဲလမ်းခြင်းဆိုတာ…

ကျတော် အရမ်းကြို က်လို့ Copy ကူးပြီးတင်ပေးလိုက်ပါတယ်..အိမ်မက်များ ကနေပြီးကူးလာခဲ့တာပါ

စွဲလမ်းခြင်းဆိုတာ…
ဟစ်အော်လို့  လှစ်ဖေါ်ကြတာ ရှိသလို
နင့်နေအောင် ရင်ထဲအပြည့်
တိတ်တဆိတ် မျိုသိပ်ပြီး
ဆိတ်ဆိတ်ကလေး လွမ်းနေကြတာလဲ
အများသားပေါ့။

လူဆိုတာ အခက်သား
မပြောဘဲ ဘယ်သိမလဲတဲ့၊
ခံစားမှု တစုံတရာကို
တရားသဘင်မှာ စကားပလ္လင်ခံပြီး
ပြောရမှာလား ကွာ…

တိတ်တဆိတ် မင်းအပြုံးတွေ
ကြိတ်ကြည့်တတ်သူ တယောက်ကို
မင်းတနေ့ ဖမ်းမိခဲ့ရင်တော့
ရင်ထဲက မပြောဖြစ်တဲ့ စကားတွေကို
မင်းတချက်လောက်တော့ ရိပ်မိမှာပါ
တပွေ့တပိုက် မေတ္တာတွေနဲ့
တိတ်တိတ်ကလေး ပြုံးနေသူကို
မင်းတနေ့တော့ ဂရုစိုက်မိမှာပါ ကွာ…

အကြင်နာတွေနဲ့ ဖေးကူပါ

ကျတော် ဒီနေ့ မှ Post တင်ဖြစ်တော့တယ်..ကျတော် စာမေးပွဲနဲ့ နပမ်းလုံးနေရလို့ ပါဗျာ။ စာမေးပွဲတောင် ဘယ်လို လာမလဲမသိသေးပါဘူးဗျာ. စာတွေ လည်း နာဂစ် နဲ့ အတူ လေထဲပါသွားတယ်ထင်တယ်..
ကျောင်းကတော့ ၁၆ရက်နေ့  တနင်္လာနေ့ ပြန်ဖွင့်မယ်ပြောနေတယ်..ပြန်တက်ရတော့ မှာပေါ ဘယ်တက်နိုင်မလဲ ကျောင်းမှာတော့ Second Semester တောင်ပြန်ဖွင့်နေပြီ ဆိုတော့ တက်ရတော့ မှာပေါ့ ။
တနေ့ တနေ့ ချက်ထိုင်လိုက်(Chat) Website တွေ ရှာလိုက်နဲ့ နေခဲ့တာ အချိန်ဆိုတာ တော်တော် အကုန်မြန်ပါလား နော်..

ကျတော် နာဂစ်အတွက် ဆိုထားတဲ့ သီချင်းလေးကို Youtube ကတွေ့ လို့  သူငယ်ချင်းတွေ အတွက် ပြန်ပြီ မျှဝေပေးလိုက်ပါတယ်


တဆင့်ပြန်လည် မျှဝေကြပါ

May 16, 2008

Happy Birthday For My Best Friends

12 ရက်နေ့ ကကျရောက်ခဲ့တဲ့ သူငယ်ချင်း မျိုးဇေယျာလွင်
15 ရက်နေ့ ကကျရောက်ခဲ့တဲ့ သူငယ်ချင်း ဥမ္မာဆွေ
ဒီနေ့ ၁၆ရက်နေ့ မှာကျရောက်တဲ့ သူငယ်ချင်း ခင်နှင်းအေး

ဒီ အချစ်ဆုံး သူငယ်ချင်း သုံးယောက် ကို ၂၀ ပြည့် မွေးနေ့ ဆုတောင်းလေးတွေ တင်ပေးချင်လို့ ..


သူငယ်ချင်း သုံးယောက် သေသေချာချာ နားထောင်ကြ.. ဟင်းဟင်း!!!!!!

“ငါချစ်တဲ့ သူငယ်ချင်းသုံးကောင်(ယောက်) နင်(မင်း)တို့ ချစ်တဲ့ မိဘ ၊ ဆွေမျိုး ၊
မင်းတို့ ချစ်တဲ့ (ငါတို့ ) သူငယ်ချင်း တွေ နဲ့ တသတ်လုံး ပျော်ပျော် ရွင်ရွင် နေထိုင်
ပြီး မင်တို့ (နင်) လို ချင်တဲ့ ဘ၀ကြီးကိုပိုင်ဆိုင်ပြီး မိဘဆွေမျိုးတွေကို အလုပ်အကျွးပြု
နိုင်တဲ့ လူတော်လူကောင်များ ဖြစ်ပြီး အသက် (၁၂၀)တုင် ရှည်နိုင်ပါစေ သော် ၀်… “

မင်း(နင်) တို့ တွေကို ချစ်တဲ့ခင်တဲ့
ခင်မောင်ဝင်း ၊ကောင်းကင် (လင်းလင်း) ၊ဇွဲဥာဏ်
သင်းနုဆွေ ၊ ခိုင်မီမီကျော် ၊ ဇင်မာထွန်း

မင်းတို့ သုံးယောက်အတွက် ငါ့ ရဲ့ Birthday Present ကတော့ အောက်မှာ.. အ၀ သာစားသွားကြ (အိမ်ကို ပါဆယ်မယူရ)




လာလည်တဲ့ မိတ်ဆွေအပေါင်းလဲ အ၀ သာ စားသွားကြ ပါ…
(ပါဆယ်ကတော့ယူချင်လဲယူပေါ့)


May 2, 2008

ကျောင်းသားဘဝ

ကျောင်းသားဘဝ

ကျောင်းဝင်းထဲကိုငါလှမ်းလျှောက်
တွေ့ တဲ့အတွဲ ငါလိုက်နောက်
မျက်စိတဆုံးငါမျှော်ကြည့်
အတွဲတွေကတပုံကြီး
နောက်လိုက်မိသည့်ဒီပါးစပ်
အမြုပ်ထွက်မတက်။

အတန်းထဲကိုငါလှမ်းဝင်
ဆူညံလိုက်တာအလွန်ပင်
မခံနိုင်လို့ ပြန်ပြေး
ကျောင်းဝင်းထဲကကန်တင်းလေး
ကန်တင်း ရောက်မှနားအေး
မျက်စိလေးကိုအလုပ်ပေး။

မျက်စိညောင်းမှငါထပြန်
အတန်းထဲသို့ အချိန်မှန်
ဝင်ခွင့်တောင်းကာငါလှမ်းဝင်
Roll Call မခေါ်ခင်။

ထမင်းစားသည့်အချိန်ရောက်
ကန်တင်းဆီသို့ နောက်တခေါက်
အဖော်အပေါင်းနဲ့ အတူထိုင်ပြီး
ကန်တင်းထဲမှာဂစ်တာတီး
ဂစ်တာတီးလို့ လက်ညောင်းပြန်
အချစ်(ကစ်စ)ဆွေးနွေးတဖန်
လိုင်စင်မရှိသည့်တို့ အဖွဲ့ 
လိုင်စင်ရဖို့ ဖလှယ်ရင်း
တယောက်အကြံတယောက်လက်ခံ
ရည်းစားစကား လိုက်ပြောရန်
လိုက်ပြောဖို့ အတွက်အားတင်းအသွား
သူ့ ရှေ့ ရောက်မှ အသံပျောက်သွား
မျက်နာငေးရင်း လှည့်ပြန်မိ
စတွေ့ တည်းက ခုချိန်ထိ။

သိမ်းထားခွင့်

သိမ်းထားခွင့်

လမိုက်ညရဲ့အမှောင်ကို
ရင်ဆိုင်ဖို့ အားငယ်မိတယ်
ငါ့မှာအလင်းရောင်မှမရှိတာ
ဒါပေမယ့်လပြည့်ညကိုရောက်ဖို့ 
ငါကျော်ဖြတ်ရမှာပဲ
ဒီမျော်လင့်ချက်နဲ့ရှင်သန်ခဲ့တာပါ။

မျော်လင့်ချက်ကိုရိုက်ချိုးပြီး
ငါ့ဘ၀ကို မလှောင်ချင်ပါနဲ့ 
ငါ့ဘ၀မှာနင်မရှိရင်
ဆုံးပြီး ရှုံးရတော့မယ်….။

စာနာတက်ရင်
ဘ၀အတွက်အလင်းတွေ
ပျော်၇ွင်မှုအတွက် ပျက်လုံးတွေ
ငါ့အတွက်မင်းလေးကို
ရင်ခွင်ထဲ
သော့ခတ်သိမ်းထားခွင့်ပြုပါ…။

ကြေကွဲတဲ့ နေ့ 

ကြေကွဲတဲ့နေ့ 
ဒိုင်ယာရီမှာရှိသေးတယ်
နှလုံးသားမှာမှတ်ထားတယ်….

အဲ့ဒီနေ့ 
မင်းငါ့ကိုချန်ထားခဲ့တယ်
လာမယ်ပြောပြီးပြန်သွားတယ်
ဒိုင်ယာရီကိုဖတ်တိုင်း
နှလုံးသားတစ်ချက်ခုန်တိုင်း
နာကျင်လို့ မျက်ရည်တွေစီးကျ

သြော်…. အချစ်ရယ်..
သေသွားတာမှကောင်းလိမ့်မယ်….။

(၁ ၆ ၂၀၀၇)

ချစ်သူ

ချစ်ခြင်းကုသီကုံးလို့ 
သီချင်းတစ်ပုဒ်မရေးနိုင်ပေမယ့်
ချစ်တက်တဲ့အသည်းနှလုံးတော့ရှိပါတယ်
ချစ်တာကိုပြောမပြတက်တာဟာ
ပြောမပြနိုင်လောက်အောင်ချစ်နေလို့ ပါ
ရင်ထဲမှာချစ်သူအတွက်တင်စားစရာပန်းမရှိပါဘူး
ပန်းဆိုတာချစ်သူကိုတင်စားဖို့ သေးငယ်နေလို့ ပါ
တစ်ဘ၀စာအတွက်ချစ်ခဲ့တာမဟုတ်ပါဘူး
ဘ၀ဆက်တုင်းချစ်နေဖို့ ချစ်ခဲ့တာပါ..။

ပန်းတစ်ပွင့်

ပန်းတစ်ပွင့်

တစ်ပွင့်ဆန်းလှပန်းအလှကို
မြတ်နိုးလျက်သာချစ်နေပါလည်း

နေမီးပူရဲလောကဒါဏ်ထဲ
ကြမ်းတမ်းခက်ရော်
သူမပျော်စေလို
ပျော်နေလျက်သာ
ဥယျာဉ်ဝန်နာထဲ
မဆွတ်မလှမ်း
ပန်းမနွမ်းးဖို့ 
စံမြန်းပင်ထက်တင့်တယ်စေ။

April 25, 2008

အမေများနေ့ အမှတ်တရ(၂)

အမေ

စကားလုံးနှစ်လုံးတည်း
ရှိပေမယ့်
တစ်လောကလုံးက
စကားလုံးတွေမှီမည်မထင်
မှီမည်(မယ်)ဆို အံ့တုလို့ မရ
တုနှိုင်းမဲ့ကင်းမွေးမိရင်းကို
ဆင်းရဲပူဆူစိတ်ကိုရူးအောင်
မပြုလုပ်
ဆောင်ရွက်သူ
ထိုသူသည်ကား
အဖိုးတန်ရတနာပင်တည်း။

အမေများနေ့ အမှတ်တရ

ဒီနေ့ တော့ကျတော် ၂၀၀၈ ခုနှစ် အမေများနေ့ ကို ဂုဏ်ပြုပြီးတော့ အမေ ကဗျာလေးတွေ ကို တင်ပြချင်ပါတယ်….
ကျတော့် သူငယ်ချင်းရေးထားတဲ့ ကဗျာလေးတွေပါ…..ခံစားကြည့်ကြပါ
ချစ်သောမေမေ

သားတို့် တီတာ ငယ်စဉ်အခါ
မပျက်မယွင်း (မေတ်တာ) နှင်းပြီး
စောင့်ရှောက် သွန်သင်ဆုံးမသော
ချစ်သောမေမေ။

အရွယ်တထောက် ပညာဂုဏ်မောက်ပြီး
ငါသိငါတက် ငါကိုဖက်ပြီး
ထင်ရာဇွတ်ပြင်း စိုင်းကာနှင်းသည့်
သားမိုက်ကိုပင် (မေတ်တာ) မပျက်
ချစ်ခင်လျက်သာ လမ်းမှန်အရောက်
ပို့ ဆောင်နှင်းသော
ချစ်သောမေမေ။

မသိ (မလိမ်မာ) ငယ်စဉ်အခါ
မိုက်ရိုင်းစော်ကား ထင်ရာစိုင်းသမျှ
ရှိခိုးဦးတင် တောင်းပန်ချင်သည်
မေမေ သိနိုင်ပါစေသား….။

April 10, 2008

ရောက်လာတော့မယ့် သင်္ကြန်

နှစ်သစ် မင်္ဂလာ

ဒီနေ့ ဆိုရင် သင်္ကြန် ကျဖို့ သိပ်မလိုတော့ဘူး သင်္ကြန်မှာ.. ကားနဲ့ လယ်မယ်..ဟိုဟာလုပ်ဒီဟာလုပ် မယ်ဆိုပြီး Plan တွေ ဆွဲပြီးတော့ ပျော်နေကြမှာပဲ

ကျတော် လည်း ဘလော့မရေးတာ (အဆက်အသွယ်ပြတ်နေတာ) ကြာနေပြီ ဒါကြောင့် ဒီ Post လေးကို မဖြစ်ဖြစ်အောင်တင်ခဲ့တာပါ


ကျတော့် ဒီအသက်အရွယ်ရောက်တဲ့ အချိန် ထိ သင်္ကြန်ဆိုတာကို ကောင်းကောင်း မတွေ့ ကြုံ ဖူးသေးဘူး ဒိနှစ်တော့ ကောင်း ကောင်းလယ်မယ်လို့  ရည်ရွယ်ထားတယ်... (ဘယ်လို လာမလဲတော့သိသေးဘူး)

သင်္ကြန်ဆိုတဲ့အကြောင်းကို ကျတော် သိသလောက်ပြောပြရရင်....

သင်္ကြန်မှာရေတွေဆော့ ကြတယ်.. ချစ်သူခင်သူတွေကို ဦးဆုံး ရေလောင်းချင်တဲ့ ကောင်လေးတွေ/ကောင်မလေးတွေ ရှိတာပဲ

အများကြီးပဲမြင်ဖူးတယ်..

တခါတုံးက..
ကျတော့် နဲ့ ရင်နီးတဲ့ ကောင်လေးတယောက်ပေါ့... သူ့ ကောင်မလေးကို ရေလောင်းချင်လို့ ဆိုပြီး သူ့ အိမ်အောက်ကို သွားတယ်..
ကောင်မလေးကိုတွေ့ ပါတယ်.. ကောင်မလေးက.. အိမ်ပေါ်မှာ... ကောင်မလေးကို အိမ်အောက်ကို အကြောင်းအမျိုးမျိုးပြပြီ ခေါ်တော့ အောက်ကို ဆင်းလာပါရော.. ကောင်မလေး က.. ရေဘူးကိုမြင်တော့.. အပေါ်ကိုပြန်ပြီတက်ပြေးပါလေရော.. ကောင်လေးက အတင်းခေါ်တာ့ ဆင်းလာတာပေါ့.. ကောင်လေးက အကျင့် တစ်ခုရှိတယ်.. သူက.. ခြေထောက် ကို ပိတ်ပြီ ရပ်တဲ့ အကျင့် ရှိတယ်.. သူ က.. အဲ့ ဒီလို ရပ်နေတော့.. ကောင်မလေး ကပြေးပြီဆင်းလာတော့.. ကောင်လေးခြေထောက်နဲ့ ငြိပြီး ပစ်ပြီး လဲကျပါလေရော.. ကောင်လေး ခမျာ တော်တော်လေး လန့် သွားရှာတယ်.. ကတုံကရင်ဖြစ်သွားတယ်...ဒါပေမယ့် မရဘူးတဲ့.. ရေလေားလိုက်သေးတယ်...

ကောင်မလေးက..တော့ပြောတယ်.. လဲကျသွားအောင်လုပ်တဲ့အတွက် ရေမလောင်းနဲ့ လို့ တော့ ပြောတယ်.. ဒါပေမယ့် မရဘူးတဲ့.. ရေလောင်းတယ်.. "လူလိုမလောင်းဘူး" လောင်းတော့.. မျက်နာ ကို သွားပြီ ပတ် မိတယ်....

ဒီလို မဖြစ်အောင်တော့ လောင်းကြပါလို့  ပြေပြချင်ပါတယ်..

ဆက်ပြီးရေးပါအုံးမည်...

March 20, 2008

တနေ့ တာ

ကျတော် ဒီနေ့ တော့ ကျတော် ဖြစ်ပြတ် ခဲ့သမျလေးတွေ ကို ပြောပြ ချင်ပါတယ်...ကျေးဇူးပြုပြီး စိတ်ရှည်စွာနဲ့ ဖတ်ပေးစေချင်ပါတယ်............

ကျတော် ဒီနေ့ နံနက်စောစော ၆ နာရီ မထိုးခင် ၁၅ မိနစ်အလို မှာအိပ်ရာက ထ ပြီ ရေးချိုးတယ်..ကျောင်းသွားရတော့မှာကို... ကျတော် စိတ်ရှည်စွာနဲ့  ရေချိုးခဲ့ တယ်.. ရေလည်းချိုးပြီးတော့ ၆နာရီ ခွဲ ပြီးပြီ.. ကျတော် ကျောင်း ဖယ်ရီက ၇နာရီ ၂၀ ဆိုရင် ထွက်နေကျဆိုတော့ ကျတော် လည်း ဖယ်ရီ ဂိတ် ကို အပြေး အလွား သွားရတာပေါ့ ကျတော် မှာ သယ်ရင်း(သူငယ်ချင်း) တယောက်ကို လည်းသွားပြီး ခေါ်ရသေးတယ်. ကျတော်မှာ သယ်ရင်း (မိန်းကလေး) ၅ယောက်ရှိတယ်.. ဒီနေ့ ကျမှ ၄ယောက် ကကျောင်း မသွားဘူး ။ကျတော် သွားခေါ်တော့ ၁ ယောင်ပဲ တက်တယ်...ကျတော်တို့ နှစ်ယောက် ဖယ်ရီဂိတ်ကို သွားကြပါရော.. ဖယ်ရီ ကလည်း ၇နာရီ ၂၀ ပဲ ရှိသေးတယ် ရောက်လာကော...ကျတော်တို့ နှစ်ယောက်လည်း ဖယ်ရီပေါ်တက်ပြီး ကျောင်းကိုလာ ကြပါလေရော...ကျတော်တို့ လည်းကျောင်းကို ရောက်ရော..၈နာရီ ၁၃ ရှိသွားပြီ ကျတော်တို့ ကျောင်းတော်ကြီးမှာ ကတော့ အဆင်ကိုပြေနေတာပဲ...(ဟီး..ဟီး...) ကျတော်တို့ ကျောင်းက ၈ နာရီ ၁၅ ကျော်ရင် ကျောင်းထဲကို ပေးမ၀င်တော့ဘူး .. ကျတော် ၈နာရီ ၂၀ တည်းက နေပြီး ၁၀နာရီ ခွဲ ထိ စာလည်း သင်ပြီးတော့ ရုံးခန်း ကနေပြီး လာခေါ်တယ်လေ...ရုံးခန်းမှာ..၀န်ကြီး ရုံး ကနေ လွင့် ပေးတဲ့ သင်ခန်းစာတွေကို လေ့လာရမယ် တဲ့ ကျတော်တို့ လည်း လာခေါ်တော့ သွားရတာပေါ့.. ကျတော်တို့ ဘ၀က အရမ်း ကိုဆိုးရွားတယ်.. ဘာမှလည်း မကြားရ မမြင်ရနဲ့ (ကိုရီးယား မှာဆိုရင်တော့ မိုက်မယ် ချွေးထုတ်ခန်း သွားစရာမလိုတော့ဘူး) ဒီတိုင်းပြန်လာခဲ့ရတယ်.....
ပြီးတော့ ကျတော် မှာနေ့ ခင်း အပြင် သွားစရာရှိတာနဲ့ ကြံမိကြံရာ အပေါက်က ထွက်လာခဲ့ရတယ်.. အပြင်ကိုလည်းရောက်ရော..ကားလေးကအဆင်သင့်ရောက်နေလေရဲ့ ကျတော်တို့ လည်း ကားကလေးနဲ့ အတူတူ လိုက်လာပြီး.... တောင်ညွန့် ကို သွားကြတယ်.. သယ်ရင်း တယောက်ကို ခေါ်ပြီး Season (City Mart (အောင်ဆန်း)) ကျတော်တို့ မုန့် တွေစားပြီး City Mart ကိုပတ်ပြီး ၀ယ်ချင်တာလေးတွေ ၀ယ်ကြတယ်..ပြီးတော့ ပြန်လာခဲ့ကြတယ်.. ကျတော် ကတော့ အိမ် မပြန်သေးပဲ Internet ဆိုင်ကို ၀င်ပြီး Post တင်ခဲ့တာပါ..

ဒါကတော့ ကျတော့်ရဲ့ ဒီနေ့ လုပ်ခဲ့တဲ့ တနေ့ တာ ကျတော်ရဲ့လုပ်ခဲ့တဲ့  အကြောင်း အရာလေးတွေ ပါ..
(ကျတော့်ရဲ့ ဒီ Post လေးကို ဖတ်ကြည့်တဲ့ Blogger တိုင်း တနေ့ တာ အကြောင်းအရာတွေကို ရေး ဖို့ Tag လိုက်ပါတယ်.. )

March 19, 2008

ကောင်းကင်တစ်ခုရဲ့အလင်း

ကျတော့်ဘလော့(ဂ်) ရဲ့ အကြောင်းကိုကျတော်ရှင်းပြ ပါရစေ...

ကျတော် ဘလော့ ရေးတာတော့ကြာနေပါပြီ.. အကြောင်းအမျိုးမျိုး ကြောင့် Delete လုပ်လိုက်ရတာလည်း များနေပါပြီ.
ကျတော် ဒီတစ်ခါတော့ ဒီ ဘလော့လေးကို ဖြစ်ဖြစ်မြောက်မြောက် ဖြစ်အောင်ရေးပါတော့ မယ်.. ကျတော့် ဘလော့ ကို လာကြည့်တဲ့ သူတွေကလည်း လိုအပ်ချက်လေးတွေ ကတော့ တော်တော်များများ ရှိနေအုံး မှာပါ.. ကျတော့် ကိုလမ်းပြပေး
စေလိုပါတယ်။
ကျတော် ဒီ ဘလော့ မှာ တင်ထားတဲ့ ဘယ် စာမျိုး ဘယ် ပုံမျိုး ကိုမဆို Copy ယူပြီ တဆင့်ပြန်လည် ဖြန့် ဝေနိုင်ပါတယ်။ ကျတော်တင်ထားသော စာတွေ ပုံတွေ သည်လည်း Copy ယူလာ ခြင်း (သို့ ) ကိုယ်ပိုင်များ ဖြစ်စေ ကာမူ တဆင့်သုံးစွဲနိုင် ပါသည်။

အပိုင်းအစများ

ရေစက်ဆိုတာ
ရှောင်လွဲလို့ မရတဲ့အရာတစ်ခုထဲမှာ
မင်းနဲ့ ငါဆုံခဲ့ကြတယ်။

အချစ်...ဆိုတဲ့
ထွက်ပြေးလွတ်မြောက်လို့ မရတဲ့
စည်းဝိုင်းထဲမှာ
ပိတ်မိခဲ့ကြတယ်။
သံယောဇဉ်..ဆိုတဲ့
နွယ်ရှင်တွေကြားမှာ
လှုပ်ရှားရုန်းကန်မရ ဖြစ်ခဲ့တယ်။
စိတ်ကူးယဉ်..ဆန်တဲ့
အိပ်မက်တစ်ခုထဲမှာ
အရှင်လက်လက်ရှုးသွပ်ခဲ့ကြတယ်။
ဝေဒနာ..ဆိုတဲ့
မလိုချင်လည်း ငြင်းပယ်ခွင့်မရှိတဲ့
စီရင်ချက်တွေကြားမှာ
ခံရခက်စွာ အသက်ရှုရတယ်
နောက်ဆုံးတော
အမှန်တရား....ဆိုတဲ့
အခါးအသီးဆုံး လက်တွေ့ ထဲမှာ
နာကျင်စွာနိုးထ
ဘ၀ဆိုတာ
တစ်ခါတစ်ခါ
ပဲ့ ကြွေအက်ကွဲသွားပေမယ့်လည်း
(ငါကတော့)
မာန..ဆိုတဲ့
ကိုယ်ပိုင်ပစ်စည်း တစ်ခုတည်းနဲ့ 
ပြန်လည်ထုဆစ်တည်ဆောက်မယ်...။့